သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-17
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက် ဆွေးနွေးခဲ့ကြသူတွေရဲ့ အတွေ့အကြုံ ပြန်လည်မျှဝေ ဆွေးနွေးပွဲကို ရန်ကုန်မြို့က ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။
2016-02-16
ဗိုလ်ချုပ်အောင်ဆန်း ၁ဝ၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်နဲ့၊ မြန်မာနိုင်ငံကလေးများနေ့ကို ရန်ကုန် မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-02-16
ဒုတိယအကြိမ်လွှတ်တော် တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ သင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီနေ့ ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်မှာ စတင်ကျင်းပခဲ့ပြီး၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
2016-02-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ကျင်းပ တဲ့ ၄ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ပထမနေ့မှာ လက်ရှိ ရခိုင်ပြည်နယ် ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း ကို ဆွေးနွေးခဲ့ကြပါတယ်။
2016-02-16
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြိုနယ် ကျောက်ကာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားတဲ့အတွက် အိမ်ခြေသုံးနီးပါး မီးထဲပါသွားခဲ့ပြီး အိမ်ထောင်စု လေးရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။
2016-02-16
၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းထဲမှာ အကောင်အထည်ဖော်မယ့် လမ်းတံတား စီမံကိန်းတွေ၊ တိုင်းအစိုးရအဖွဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-02-16
မြောက်ဦးမြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေ တက်ရောက်ပြီး ဌာနရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။
2016-02-12
ဒီကနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင် စုနေ့ အခမ်းအနားကို ရန်ကုန်- ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ ပါတယ်။
2016-02-12
၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျင်းပခဲ့ပြီး၊ သမ္မတဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2016-02-12
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စက်ဘီးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
2016-02-12
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-02-12
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံ ၁၅ဝဝ လောက်ဟာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။
2016-02-12
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က မီးဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် "ဂီတမိတ်ဆွေများ" အဖွဲ့နဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေ ပူးတွဲပြီး ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့က အလှူငွေ ကောက်ခံခဲ့ကြပါတယ်။
2016-02-12
မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး-ABSDF မြောက်ပိုင်း ဌာနချုပ်ရှိရာ ပါဂျောင်ဒေသမှာ ထောက်လှမ်းရေးလို့ စွပ်စဲခံရပြီး ကျောင်းသား ၁၅ ဦး အသတ်ခံခဲ့ရတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-02-12
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၃ဝ နီးပါး မကျင်းပဖြစ်ခဲ့တဲ့ နွားလှည်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်- မနက်ဖြန် ကျရောက်မယ့် ပြည်ထောင်စုနေ့ အထိမ်းမှတ်အဖြစ် ဒီနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။