သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-05
ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကို အကြမ်းဖက်တားဆီးမှုမလုပ်ဖို့နဲ့၊ သပိတ်စစ်ကြောင်းကို ရန်ကုန်မြို့တွင်းကို ဝင်ခွင့်ပေးဖို့အတွက် ရန်ကုန်မြို့နဲ့ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ(၄)ရက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-03-05
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာ လုပ်ခလစာတိုးပေးဖို့အတွက် ရွှေပြည်သာကနေ ဆူးလေ ဘုရားအထိ လမ်းလျှောက်ဆန္ဒပြတဲ့ အလုပ်သမားတစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဒညင်းကုန်းသံလမ်းဆုံအရောက်၊ ဖေဖော်ဝါရီလ (၄) ရက် ဒီနေ့မနက် ၁ဝ နာရီလောက်မှာ ပိတ်ဆို့တားဆီးခဲ့ပါတယ်။
2015-03-05
ဖေဖော်ဝါရီလ (၆) ရက် ဒီကနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်နဲ့ မန္တလေး မဟာမြတ်မုနိစေတီတော်မှာ ဘုရားဖူးသူတွေ၊ အလှူဒါနပြုသူတွေနဲ့ စည်ကားနေပါတယ်။
2015-03-04
လက်ပံတန်းမြို့ကနေ ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာမယ့် ပင်မကျောင်းသား သပိတ်စစ်ကြောင်း ကို ရဲတပ်ဖွဲ့ဝင်တွေက မတ်လ (၃)ရက် ဒီကနေ့မနက် ၉ နာရီလောက်ကတည်းက စတင် ပိတ်ဆို့ခဲ့ပါတယ်။
2015-03-04
လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက်မဖြိုခွဲဖို့အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ မြို့ခံတွေနဲ့ ကျောင်းသား တွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-03-04
အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မနဲ့ မုံရွာအကျဉ်းထောင် မှာ လေးရက်ကြာထိန်းသိမ်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးဟာ ပြန်လည် လွတ်မြောက်လာပြီးနောက် မတ်လ(၃)ရက် ဒီနေ့ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-03-04
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်က အနောက်အုတ်ကျင်း ဘုန်းတော်ကြီးကျောင်း မှာ ကလေးငယ်တထောင်ကျော် ကို မူလတန်းကနေ ၈ တန်းအထိ ပညာသင်ကြားပေးနေပါတယ်။
2015-03-04
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။
2015-03-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းပြည်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့် မွေးနေ့ပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
2015-03-03
ပဲခူးတိုင်း လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်မှာ ရပ်နားနေတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းဟာ မနက်ဖြန် သာယာဝတီမြို့ကို ဆက်လက်ချီတက်ပြီး၊ ရန်ကုန်ရောက်ရင် သပိတ်စခန်း ယာယီရပ်နားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။
2015-03-03
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တချို့ဟာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင် တဲ့ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သံဃာတော်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း တွေကို ရှင်းလင်း လျှောက်ထားခဲ့ပါတယ်။
2015-03-03
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ဝန်ကြီးဌာနက ၂ဝ၁၅ မတ်လ ၂ ရက်နေ့က အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-03-03
ဂျာမနီနိုင်ငံက အထူးကုဆရာဝန်အဖွဲ့တဖွဲ့ဟာ ရခိုင်ပြည်နယ်က အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ လည်ပင်းကြီးဝေဒနာရှင်တွေကို စစ်တွေမြို့မှာ ခွဲစိတ်ကုသပေးနေပါတယ်။
2015-03-02
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ ပင်မ ကျောင်းသား သပိတ် စစ်ကြောင်းက ကျောင်းသားခေါင်းဆောင် ၉ ယောက်ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှွေမန်းနဲ့ တွေ့ဆုံဖို့ နေပြည်တော် ပြည်သူ့ လွှတ်တော်ကို ၂ဝ၁၅ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သွားရောက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
2015-03-02
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးသုံးစွဲသူတွေ များတဲ့အတွက် နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။