သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ "ရက္ခိုင့်တပ်မတော် AA ဖလား" ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြတန်ဆောင်းရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးဖို့ လူပေါင်း ၃ ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2017-04-20
ဧပြီလအတွင်း ရာသီဥတုပူပြင်းလာပြီး၊ နေ့အပူ ချိန်တွေ မြင့်တက်လာ တဲ့အတွက် အပူဒဏ် ကာ ကွယ်ရေး နှိုးဆော်ချက်တွေကို ကျန်းမာရေးဝန်ကြီး ဌာနက စဉ်ဆက်မပြက် ထုတ်ပြန်ကြေညာနေ ပါတယ်။
2017-04-20
သြင်္ကန်ကာလအပြီး နှစ်ဆန်း ၄ ရက်နေ့အထိ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကYBSယာဉ်လိုင်းအားလုံး သတ်မှတ်စီးရေအပြည့် ပြန်ပြီးမပြေးဆွဲသေးတဲ့အတွက် ရန်ကုန်မြို့က ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်နေပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။
2017-04-20
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္နီမြို့ကြားက ရေပူ စစ်ဆေးရေးစခန်းမှာ ဧပြီလအတွင်း ဘိန်းဖြူမှုန့်တွေ၊ တရားမဝင်တင်ဆောင်လာတဲ့ သစ်တွေ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် နွားတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။
2017-04-20
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2017-04-19
NLD ပါတီအစိုးရ တက်လာပြီးနောက် သစ်တေပြုန်းတီးမှုတွေကို ထိန်းချုပ်ဖို့ အတွက် ၂ဝ၁၆ နှစ်ဆန်းပိုင်းကစပြီး မကွေးတိုင်း ဂန်ဂေါမြို့ နယ်မှာ ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးနေ တာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပါတယ်။
2017-04-19
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသတချို့တို့မှာ နောက် ၃၆ နာရီအတွင်း မိုးများပြီး ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး လိုက်ပါတယ်။ ဒေါက်တာထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ် မေးမြန်းထားပါတယ်။
2017-04-19
မန္တလေးတိုင်းအစိုးရရဲ့ တနှစ်တာ လုပ်ဆောင် ချက်တွေအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်၊ တောင်သူလယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ပြောကြား ချက်တွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်း တင်ပြထားပါတယ်။
2017-04-19
NLD အစိုးရလက်ထက်မှာ မူကြိုနဲ့ ပထမတန်းအဆင့်တွေမှာ ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။
2017-04-19
မကွေးတိုင်းအတွင်း တရားမဝင်သစ်တွေ ဖမ်းဆီးရာမှာ… ပိုင်ရှင်မဲ့အဖြစ်သာ ဖမ်းဆီးမိနေတဲ့အတွက်၊ နောင်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိမယ်ဆိုရင် သက်ဆိုင်ရာ သစ်တောအရာရှိတွေကို ပြင်းပြင်းထန်ထန် သတိပေး အရေးယူသွား မယ်လို့ တိုင်းအစိုးရအဖွဲ့က အသိပေးကြေညာထားပါတယ်။
2017-04-19
မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်ဘဲ၊ စာသင်ခန်းပြင်ပကို ရောက်နေတဲ့ ကလေး ၅ သန်းကျော် ရှိနေပါတယ်။
2017-04-19
မြန်မာ့ရိုးရာ အတာသြင်္ကန်ကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြ သလို၊ ကျေးလက်ဒေသက ပြည်သူတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာ ဓလေ့အရ ဆင်နွဲကြပါတယ်။
2017-04-19
နေပြည်တော်ကောင်စီနယ်မြေ၊ သာဝတ္ထိမြို့အနီးက "စမတောင်" ပရဟိတ ဂေဟာမှာ ကျွဲတွေနွားတွေကို ဝယ်ယူပြီး ဘေးမဲ့ပေးထားတာ အကောင်ရေ ၈ဝ ကျော် ရှိနေပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
2017-04-19
ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုဘဝ ချမ်းသာရေးကို အဓိကထားလုပ်ဆောင်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာ အတုလ ဝေယံ သာသနာ့ ဗိမာန်တော်ကြီးမှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် မိသားစု မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာနဲ့ သက်ကြီး ပူဇော်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
2017-04-18
မြန်မာသက္ကရာဇ် ၁၃၇၈ ခု နှစ်ဟောင်းကုန်ဆုံးပြီး ၁၃၇၉ ခု နှစ်သစ်ကူးတဲ့ အခါသမယမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေကလည်း နှစ်သစ်မှာ ငြိမ်းချမ်းစေဖို့အတွက် နှုတ်ခွန်းဆက် စကားတွေ ပြောကြားခဲ့ပါတယ်။