သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-24
မွန်ပြည်နယ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့နယ်- မုဒွန်းကျေးရွာမှာ ကျောက်သင်ပုန်းလုပ်ငန်းကို နှစ်အတော်ကြာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ တဖြည်းဖြည်း ကွယ်ပျောက်လာ နေပါတယ်။
2017-03-23
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်က မူးမြစ် တစ်လျှောက်မှာရှိတဲ့ မြေနုကျွန်းတွေမှာ ဒေသ ခံတောင်သူတွေ လုပ်ပိုင်ခွင့်မရဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့် ချထားပေးနေ တယ်ဆိုပြီး ဒေသခံ ၂၀၀ ခန့်က မတ်လ ၂၂ ရက်နေ့က ဆန္ဒပြကြပါတယ်။
2017-03-23
တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ချင်သူတွေအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာတွေကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမမှာ မတ်လ ၂ဝ ရက်နေ့က ၂၄ ရက်နေ့အထိ ငါးရက်ကြာ ရောင်းချပေးနေပါတယ်။
2017-03-23
ကချင်ပြည်နယ်မိုးညွင်းမြို့နယ် အင်ထော်ကြီးဒေသမှာ စိုက်ပျိုးရေး သုတေသနမျိုးသန့်ခြံတခုတည်ထောင်နိုင်ဖို့အစိုးရဆီကို တိုက်တွန်းတဲ့ အကြော်င်း အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်နယ်လွှွတ်တော်က အတည်ပြုလုက်ပါတယ်ပါတယ်။
2017-03-23
မွန်ပြည်သစ်ပါတီအနေနဲ့ အရင်ကကိုင်စွဲခဲ့တဲ့… NCA စာချုပ်မှာ အားလုံး ပါဝင်ရေးမူကို စွန့်လွှတ် လိုက်ပြီး NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ နီးစပ်လာပြီလို့ သိရပါတယ်။
2017-03-21
ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့သိန္နီ မြို့နယ်တွေမှာ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု နည်းနေ တဲ့အတွက် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဒေသတွင်း ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ဒေသခံတွေ ပူးပေါင်းပြီး အကောင်အထည် ဖော်နေကြပါတယ်။ RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
2017-03-21
လောက်ကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး လာတဲ့ ဒေသခံတချို့ကို လားရှိုးမြို့ မန်ဆူဘုန်းတော် ကြီးကျောင်းမှာ နေရာချထားပေးသလို၊ မြန်မာနိုင်ငံ နေရာ အနှံ့အပြားကနေ လောက်ကိုင်မှာ သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူတွေကိုလည်း ဌာနဆိုင်ရာ တွေ၊ လူမှုအသင်းအဖွဲ့တွေက ကူညီပေးနေပါတယ်။
2017-03-21
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်-၂ မှာရှိတဲ့ Sunday ကော်ဖီမစ်စက်ရုံက အလုပ်သမား ၅ ရာ ကျော်ဟာ သြင်္ကန်ပိတ်ရက် ၁ဝ ရက် ရရှိရေး အပါအဝင် အလုပ်သမားအခွင့်အရေး ရရှိဖို့အတွက် ဒီနေ့ ဆန္ဒပြ နေကြပါတယ်။
2017-03-21
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတာဝန်ရှိသူတွေနဲ့အတူ ပန်းရဲ့လမ်း တေးဂီတအဖွဲ့က ကျေးရွာတွေအထိ ဒီနေ့ မဲဆွယ်စည်းရုံးနေပါတယ်။
2017-03-21
ကချင်ပြည်နယ်မှာ သားသတ်လိုင်စင်တွေကို လေလံစနစ်နဲ့ ချပေးနေတာကို ဖျက်သိမ်းပြီး ဈေးခုံစနစ်နဲ့ ရောင်းချတဲ့စနစ် ကို လုပ်ဆောင်ပေးဖို့ အဆိုကို ပြည်နယ် လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2017-03-19
" မျက်မှောက် နိုင်ငံ့အရေး " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုမိုဃ်းသွေး (ဥက္ကဌ - Generation Wave)၊ ကိုထင်ကျော်အေး (သုတေ သနဒါရိုက်တာ - ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့) နဲ့ ကိုကျော်ခ (IRRAWADDY သတင်းဌာန) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-03-18
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာ ဖြိုး၊ အောင်ဝင်းဇော် နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ မတ်လ ၁၇ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
2017-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပန်းချီဆရာ ခိုင်မင်းထွန်းဟာ ရခိုင် ရှေးဟောင်းယဉ်ကျေးမှု ပတ်ဝန်းကျင်တွေကို ကမ္ဘာလှည့်ခရီးသွားတွေ အာရုံစိုက်လာအောင် ပန်းချီပညာနဲ့ ကြိုးပမ်းနေပါတယ်။
2017-03-18
"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပဋိပက္ခ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2017-03-18
ကယားပြည်နယ်အတွင်း လမ်းမတွေပေါ်မှာ အတားအဆီးတွေလုပ်ပြီး မော်တော်ယာဉ်တွေကို ဘီးခွန်ကောက်ခံတဲ့ ဝါးတားဂိတ်တွေကို ဖျက်သိမ်းပြီး၊ ဘီးခွန်ကောက်ခံတဲ့စနစ် ပြောင်းလဲဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။