ပင်မကျောင်းသားသပိတ်စစ်ကြောင်း-လက်ပံတန်း

ပဲခူးတိုင်း လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်မှာ ရပ်နားနေတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းဟာ မနက်ဖြန် သာယာဝတီမြို့ကို ဆက်လက်ချီတက်ပြီး၊ ရန်ကုန်ရောက်ရင် သပိတ်စခန်း ယာယီရပ်နားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်မှာ ရပ်နားနေတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းဟာ မနက်ဖြန် သာယာဝတီမြို့ကို ဆက်လက်ချီတက်ပြီး၊ ရန်ကုန်ရောက်ရင် သပိတ်စခန်း ယာယီရပ်နားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာလိုက်ပါတယ်။ ၂ဝ၁၅ မတ်လ ၂ ရက်နေ့မနက်ပိုင်းက သပိတ်မှောက်ကျောင်းသားတွေ အောင်မြေဗိမာန်ကျောင်းတိုက်ကနေထွက်ဖို့ ပြင်ဆင်ချိန်မှာ ရဲအင်အား ၃ဝဝ လောက်က ကျောင်းတိုက်အဝင်ပေါက်မှာ ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီနောက် ကျောင်းသား ခေါင်းဆောင် ၅ ဦးနဲ့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းတို့ တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူညီချက် အရ သပိတ်စစ်ကြောင်းဟာ မတ်လ ၃ ရက်နေ့မှာ လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို လမ်းလျှောက်ချီတက်မယ်လို့ ကျောင်းသားတွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org