ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ဒေသခံရာပေါင်းများစွာထွက်ပြေး

အခုတွေ့နေရတာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ မနေ့ညက ရွာသားတွေ ထွက်ပြေးနေရတာပါ။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို တွေ့ရစဉ် Photo: Citizen Journalist

အခုတွေ့နေရတာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ မနေ့ညက ရွာသားတွေ ထွက်ပြေးနေရတာပါ။

သိမ္ဘာရွာမှာ ဇူလိုင် ၄ ရက် မနေ့က ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ တပ်သားတွေလာချသွားတဲ့အတွက် အနားတစ်ဝိုက်က ကျွန်းတောလေးရွာ၊ ကျွန်းတောကြီးရွာ၊ ခြုံရွာ၊ ဘုတ်ထမ်းရွာ၊ အိုးထိန်းကွင်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ အိုးတင်ရွာ၊ ကြည်ရွာစတဲ့ ရွာပေါင်း ဆယ်ရွာက ရာနဲ့ချီတဲ့ ပြည်သူတွေ နေ့ရောညပါ ထွက်ပြေးတိမ်းရှောင်လာကြတာလို့သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျွန်းတောကြီးနဲ့ ကျွန်းတောလေးရွာတွေမှာ အခု တပ်စွဲ ထားတယ်လို့ ဒီပဲယင်း PDF အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။

ဒီအခြေအနေကြောင့် ဒီနေ့ ဇူလိုင်လ ၅ ရက်ကနေ နောက်ရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။

လောလောဆယ်မှာ ထွက်ပြေးလာတဲ့ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက လုံခြုံရေးယူပေးထားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org