သာကေတမှာ ဒီမနက် ဦးခေါင်းကျည်ထိမှန်သူ တစ်ဦး သေဆုံး

သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က ဒီနေ့ မတ်လ ၂၉ ရက်နေ့မနက်က စစ်ကောင်စီတပ်က ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းရာ ကျည်ထိမှန်သွားသူတစ်ဦးကို တွေ့ရတာဖြစ်ပါတယ်။

သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်ကို ဖြိုခွင်းရာမှာ ကျည်ထိမှန်သွားသူတစ်ဦးကို ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစစဉ်

သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က ဒီနေ့ မတ်လ ၂၉ ရက်နေ့မနက်က စစ်ကောင်စီတပ်က ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းရာ ကျည်ထိမှန်သွားသူတစ်ဦးကို တွေ့ရတာဖြစ်ပါတယ်။

ဒီမနက် စစ်သားနဲ့ရဲက ပစ်ခတ်တာကြောင့် ဦးခေါင်းထိမှန်သူ တစ်ဦး သေဆုံးခဲ့ပြီး ဗိုက်၊ လက်နဲ့ ခြေထောက် ထိမှန်ဒဏ်ရာရသူ အားလုံးပေါင်း လေးဦးရှိတယ်လို့ သပိတ်မှာပါ၀င်တဲ့ လူငယ်တစ်ယောက်က RFA ကို ပြောပါတယ်။

နေ့လယ် တစ်နာရီကျော်အထိ စစ်သားနဲ့ရဲတွေက လမ်းတိုင်းကို ပိတ်ဆို့ထားတာကြောင့် ပိတ်မိနေသူတွေရှိတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org