သခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက်မွေးနေ့
2017.03.24
ကွယ်လွန်သူ ငြိမ်းချမ်းရေးပိသုကာ- အမျိုးသားစာဆို ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်က "သခင်ကိုယ်တော်မှိုင်းဂူဗိမာန်" မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံရေးသမားတွေနဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ… တပ်မတော်ဘက်ကစပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ အပါအဝင် အချက် ၇ ချက်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်