သံချပ်အဖွဲ့ဝင် ၅ ဦး အာမခံမရ

တပ်မတော်ကို စော်ကားတဲ့အပြုအမူတွေ ပြုလုပ်တယ်ဆိုပြီး ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီကနေ့ တရားရုံးမှာ လာရောက်အစစ်ခံရာမှာ တရားသူကြီးက အာမခံမပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ချက်ချင်းပို့ဆောင်လိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်းနဲ့ မကေခိုင်ထွန်း တို့ကို ၂၀၁၉၊ ဧပြီ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

 

သြင်္ကန်အတွင်းမှာ စာသားဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်ကို စော်ကားတဲ့အပြုအမူတွေ ပြုလုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချူပ်က ပုဒ်မ ၅ဝ၅(က)နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

ဒီလိုတရားစွဲဆိုခံရတာကို ဒီကနေ့ တရားရုံးမှာ လာရောက်အစစ်ခံရာမှာ တရားသူကြီးက အာမခံ မပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ချက်ချင်း ပို့ဆောင်လိုက်ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။

(ရိုက်ကူး - ထက်အာကာ/ကျော်ဇောဝင်း)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org