ပန်းမြတ်မာလာကုမ္ပဏီရဲ့ငှက်ပျောစိုက်ခင်း ဖျက်သိမ်းပေးဖို့ ဒုဝန်ကြီးပြော
2019.05.15
ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော ထပ်မံ မစိုက်ပျိုးဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတာကို ဖောက်ဖျက်ပြီး တိုးချဲ့စိုက်ပျိုးနေတဲ့ ပန်းမြတ်မာလာကုမ္ပဏီကို အမြန်ဆုံးအရေးယူပေးဖို့ အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက အမျိုးသားလွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။