ကျောက်ဖြူစီမံကိန်းနဲ့ ဒေသခံတွေ မကျေလည်မှု ဦးထွန်းကြည်နဲ့ တွေ့ဆုံမေးမြန်းချက်

ရခိုင်ပြည်သူတွေအနေနဲ့ တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူ ရေနက်စီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာ ဒေသခံတွေ ဘဝတိုးတက်ရေးအတွက် အကျိုးကျေးဇူး တစ်စုံတရာ မရရှိသလို၊ အကျိုးထက် ထိခိုက်နစ်နာရတာတွေက ပိုများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ရခိုင်ပြည်သူတွေအနေနဲ့ တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူ ရေနက်စီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာ ဒေသခံတွေ ဘဝတိုးတက်ရေးအတွက် အကျိုးကျေးဇူး တစ်စုံတရာ မရရှိသလို၊ အကျိုးထက် ထိခိုက်နစ်နာရတာတွေက ပိုများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနစ်နာမှုတွေကို ခေတ်အဆက်ဆက် အစိုးရတွေနဲ့ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီဘက်က ကုစားရာမှာလည်း ကျေနပ်လောက်တဲ့ အခြေအနေ မရှိဘူးလို့ ကျောက်ဖြူ နဲ့ မဒေးကျွန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ကျောက်ဖြူ စီမံကိန်းတွေအကြား မကျေလည်မှုတွေအကြောင်းနဲ့ ပတ်သက်ပြီး ဦးထွန်းကြည်ကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org