လူထုအုံကြွမှု ဖြစ်နိုင်ဟု ဦးဝင်းတင်ပြောဆို - ၁
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအားဖြင့် ပေါက်ကွဲလုနီးပါး အနေအထားမျိုး ရောက်နေပြီ။
-
2011-03-12 -
-
-
ဒီကနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအားဖြင့် ပေါက်ကွဲလုနီးပါး အနေအထားမျိုး ရောက်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က အာအက်ဖ်အေကို ပြောပါတယ်။ ဒီအခြေအနေကို မီးထိုးပေးနိုင်လောက်တဲ့ ကမ္ဘာတဝှမ်းလုံးရဲ့ အာဏာရှင်စနစ် ဖြိုလှဲရေးတိုက်ပွဲတွေ၊ ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ လူထုဆန္ဒ ဖော်ထုတ်မှု တိုက်ပွဲတွေရဲ့ ဂယက်တွေကလဲ မြန်မာနိုင်ငံကိုပါ ကူးစက်ပြန့်ပွါးလာနေတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။