ဖိနှိပ်မှုတွေ ချက်ချင်းရပ်ဖို့ စစ်အစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖိနှိမ်နေတာတွေ ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres။ Photo: AFP

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖိနှိပ်နေတာတွေ ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားကြဖို့လည်း အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုခဲ့ပါတယ်။

ဂျနီဗာမှာ ဒီကနေ့ စတင်ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ သူက တောင်းဆိုခဲ့တာပါ။

ကမ္ဘာ့ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ကြမယ့် ဒီညီလာခံမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု၊ တရုတ်နိုင်ငံမှာ ဝီဂါမွတ်စလင်တွေကို နှိပ်စက်မှု၊ ရုရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Alexey Navalny ကို ဖမ်းဆီးမှုကိစ္စတွေကို ထိပ်ဆုံးက ဦးစားပေး ဆွေးနွေးကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org