ဆရာကြီးဦးဝင်းတင် ဂါရဝပြုချီတက်ပွဲ

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေး သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေး သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာကြီးဦးဝင်းတင်ကို နောက်ဆုံးအနေနဲ့ ဂါရဝပြုဖို့အတွက် နုိင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ဆရာကြီးဦးဝင်းတင်ကို ကြည်ညိုလေးစားသူတွေက ရေဝေး သုဿာန်ကို လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမှာ သွားရောက် သတင်းယူခဲ့တဲ့ RFA သတင်းထောက် မသင်းသင်းထက်က သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org