“ဝ” ပြည်နယ်အဆင့်ရရှိရေး NCA လမ်းကြောင်းပေါ် တက်လှမ်းလာမလား
UWSA "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနေနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ UWSA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA လမ်းကြောင်းပေါ်ရောက်ဖို့ အလားအလာ ရှိပါသလား။
-
2019-04-30 -
-
-
■ UWSA "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနေနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး ပြည်နယ်အဆင့်ရဖို့ တောင်းဆိုထားတဲ့ UWSA ကတော့ NCA အစပြုခဲ့တဲ့ ဖြစ်စဉ်ကတည်းက သူတို့ပါဝင်ခဲ့တာ မရှိတဲ့အပြင်၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးပြီး ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို တိုက်ရိုက်ပါဝင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
UWSA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA လမ်းကြောင်းပေါ်ရောက်ဖို့ အလားအလာ ရှိပါသလား။ RFA သတင်းထောက် ကိုသီဟထွန်းက စုစည်း တင်ပြထားပါတယ်။
(ရိုက်ကူး - ကံသာ၊ သီဟထွန်း/RFA)