မြန်မာ့ သမိုင်းဝင် ရွေးကောက်ပွဲ သန်းပေါင်းများစွာ မဲပေး

မြန်မာနိုင်ငံမှာ ပိုမို ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေး အတွက် စစ်တပ်က ဖြေလျှော့ပေးလာမလားဆိုတဲ့ ေ မးခွန်းအတွက် ပြည်သူ သန်းပေါင်း ၃၀ ကျော်က ဒီနေ့ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရွေးချယ်ကြပါတယ်။ ြ မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်က အုပ်ချုပ်လာပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်မှာ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။

အစိုးရရုံးဌာနတွေ၊ ကျောင်းတွေ၊ ဓမ္မာရုံတွေမှာ မဲရုံတွေ ဖွင့်လှစ်ချိန်မှာ လူတွေတန်းစီစောင့်ဆိုင်းပြီး မဲပေးခဲ့ကြပါတယ်။ နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီ က ဝင်ပြိုင်ကြပြီး အဓိကအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တို့ရဲ့ ြ ပိုင်ပွဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org