၂၄ နာရီအတွင်း ပိုးတွေ့လူနာ ၁၀၀ ဦးရှိလာ

သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၁၀၀ ခန့်ရှိခဲ့ပါတယ်။

ကိုရိုနာပိုးတွေ့လူနာများထားရှိတဲ့ စစ်တွေပြည်သူ့ဆေးရုံကို တွေ့ရစဉ် Photo: Ni Min Tun / RFA

သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၁၀၀ ခန့်ရှိခဲ့ပါတယ်။

မနေ့ညက လူနာသစ် ၉၅ ဦးရှိခဲ့ပြီး ဒီနေ့မနက်မှာ ငါးဦးထပ်တွေ့တာပါ။

မနေ့က မနက်ပိုင်းက ပိုးတွေ့လူနာ ၇၈၇ ဦးစာရင်းကို အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် နောက်ထပ်လူနာသစ် ၁၀၀ ထပ်တွေ့လာလို့ လက်ရှိမှာတော့ ပိုးတွေ့လူနာအရေအတွက်ဟာ ၈၈၇ ဦးခန့်ရှိလာပါပြီ။

ပိုးတွေ့လူနာအများဆုံးဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံနဲ့ စစ်တွေယာယီဆေးရုံတွေမှာ ရောဂါကုသနေသူတွေ ၂၀၀ ကျော်နဲ့ အများဆုံးဖြစ်နေပါတယ်။

ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေသူ ၆၀ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့ ဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာပဆေးရုံကြီးတွေမှာ ဆေးဝါးကုသနေသူက ၄၀ နီးပါးစီ ရှိပါတယ်။

စစ်တွေတမြို့တည်းမှာ သြဂုတ်လ ၃၁ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၁၈၃ ဦးပြီး ရခိုင် တပြည်နယ်လုံးမှာဆိုရင် သြဂုတ်လ ၃၁ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၃၄၅ဦးရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org