မူဆယ် ၁ဝ၅ မိုင်ကို TNLA ဝင်ရောက်တိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
-
2016-11-20 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
အစိုးရတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တောထဲမှာ ထိုးစစ်ဆင်နေတာတွေကို အများမသိတဲ့အတွက် မြို့ပေါ် မူဆယ် ၁၀၅ မိုင်ကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်ကို ဆက်သွယ်ထားတဲ့ နမ့်ပေါ်တံတားနဲ့ လားရှိုးနဲ့ သိန္နီကိုဆက်သွယ်ထားတဲ့ နမ္မတူတံတား ကိုလည်း TNLA နဲ့ တပ်ပေါင်းစုအဖွဲ့က မိုင်းဖောက်ခွဲခဲ့တယ်လို့လည်း ပြောပါတယ်။
နေ့လည်ပိုင်းမှာတော့ ထိုးစစ်ကိုရပ်တန့်ထားပြီး အစိုးရတပ်မတော်ရဲ့ တုန့်ပြန်ချက်အပေါ် မူတည်ပြီး တိုက်ပွဲတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA/KIO, TNLA, AA, MNDAA တို့ ပူးပေါင်းထားတာဖြစ်တယ်လို့ သိရပါတယ်။