တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ကွတ်ခိုင်မြို့နယ်တွေ က အစိုးရတပ်နဲ့ ရဲစခန်းတွေကို ဒီနေ့ မနက်ပိုင်းက ကချင် လွတ်မြောက်ရေးတပ် KIA/KIO၊ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့က ပူးပေါင်းတိုက်ခိုက် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။

KIA, MNDAA, TNLA နဲ့ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် မိုင်းဖောက်ခွဲသည့်နေရာပြပုံ Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ကွတ်ခိုင်မြို့နယ်တွေက အစိုးရတပ်နဲ့ ရဲစခန်းတွေကို ဒီနေ့ မနက်ပိုင်းက ကချင် လွတ်မြောက်ရေးတပ် KIA/KIO၊ တအာင်းပလောင် အဖွဲ့TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့က ပူးပေါင်းတိုက်ခိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ရဲဝင်း က အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စီမံချက်နဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်က တရုတ်နိုင်ငံမှာ MNDAA ကိုးကန့်အဖွဲ့က ဖုန်တာရွှင်နဲ့ KIA ၊ TNLA အဖွဲ့က ခေါင်းဆောင်တချို့ဟာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး ဒီနေ့မနက်ပိုင်း က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အတိုက်ခံရတဲ့ နေရာတွေက မူဆယ်မြို့အဝင် လုံခြုံရေးရဲစခန်း ၊ မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့ကြားက ကွန်ကရစ်တံတားကို ဖောက်ခွဲဖျက်စီးခံခဲ့ရကြောင်း ၊ မုန်းကိုး မြို့နယ်နဲ့ ကြူကုတ် ( ပန်ဆိုင်း ) ဒေသက တပ်မတော် စခန်းစတဲ့နေရာတွေဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကို ကချင်လွတ်မြောက်ရေးတပ် KIA/KIO၊ တအာင်းပလောင် အဖွဲ့TNLA၊ ရခိုင်အဖွဲ့AA နဲ့ ကိုးကန့်အဖွဲ့MNDAA တို့ ပူးပေါင်းတိုက်ခိုက် တာဖြစ်တယ်လို့ AA ရခိုင်အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခ က RFA ကို ပြောပါတယ်။

တရုတ် မြန်မာနယ်စပ် မုံးကိုးမြို့နယ်နဲ့ နယ်ခြားစည်းသာခြားတဲ့ တရုတ်နိုင်ငံ မန်ဟိုင်း က KIO ဆက်ဆံရေးရုံး ၂ ရုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က တရုတ်အစိုးရရဲ့ ညွန်ကြားချက်နဲ့ ရုပ်သိမ်းခဲ့ရတယ်လို့ Kachin News Group Media မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org