ကျောင်းသားနဲ့ ဝန်းရံသူ ၁၂ ဦး အာမခံနဲ့ လွတ်မြောက်

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၂ ဦးကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၂ ဦးကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသားတစ်ဦးကို လူ၂ ဦးက အာမခံပေးခဲ့တဲ့အတွက် လွတ်မြောက်လာတာလို့ ပြန်လွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုရွှေကြယ်မိုး(ခ) ကိုရဲဝင့်အောင်က ပြောပါတယ်။

"အဝေးသင်ကျောင်းသားတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် အာမခံပေးတာပါခင်ဗျ၊ နောက်ပြီး ဝန်းရံပြည်သူထဲက ဒေါ်သန်းအေး တစ်ယောက်ရပါတယ်ခင်ဗျ၊ နောက်ဆေးရုံက ဦးတင်ဝင်း တစ်ယောက်ရ သွားပြီခင်ဗျ၊ အာမခံသိန်း ၅ဝ နှစ်ဦး တင်ခဲ့ရတယ်ခင်ဗျ"

ဒီနေ့ အာမခံနဲ့ ပြန်လွှတ်လာကြသူတွေဟာ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုရွှေကြယ် မိုး(ခ) ရဲဝင့်အောင်၊ ကိုတင်ကိုဦး၊ ကိုကျော်ဇောခန့့်၊ ကိုမြတ်မင်းမော် စတဲ့ ၉ ဦးဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ စုစုပေါင်း ၁၄ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သာယာဝတီ မြို့နယ်တရားရုံးကို အာမခံတင်သွင်းခဲ့ရာ ပယ်ချခဲ့တာကြောင့် ခရိုင်တရားရုံးကို ထပ်မံ အာမခံလျှောက်ထားခဲ့တာဖြစ် ပါတယ်။ ကျန်တဲ့ ၂ ဦးဟာ အထောက်အထား မခိုင်လုံတဲ့အတွက် ဒီတစ်ကြိမ်မှာ အာမခံမရသေးဘူးလို့ သိရ ပါတယ်။

၁၂ ဦး အာမခံနဲ့ လွတ်လာတဲ့အတွက် သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ စုစုပေါင်း ၅၆ ယောက် ကျန်ရှိနေပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org