မူးယစ်ဆေး စံချိန်တင်ဖမ်းဆီးမှု ၁၂ ဦးကို ထိန်းသိမ်း၊ အဓိက တရားခံတွေ လွတ်မြောက်နေဆဲ

ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မြို့နယ် ၄ ခုမှာ မူးယစ်ဆေး ဝါးတွေ စံချိန်တင် ဖမ်းဆီးရမိတာနဲ့ ပတ်သက်တဲ့ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ နေပြည်တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့က ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ကားထဲမှသိမ်းဆည်းရမိတဲ့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ် Photo: MOI

ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄ ခုမှာ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းဆီးရမိတာနဲ့ပတ်သက်တဲ့ သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ နေပြည်တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့က ပြောပါတယ်။

အဲဒီ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်တဲ့ အဓိက တရားခံတွေက လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ရဲမှူးကြီး မြင့်သိန်းက ပြောပါတယ်။

"ဇူလိုင် ၂၆ ပေါ့၊ အခင်းဖြစ်ပြီးနောက်ပိုင်းကနေ ဒီထိ ၁၂ ယောက်ပေါ့၊ ကျနော်တို့ ဖမ်းထားပြီးဖြစ်ပါတယ်၊ အဓိကကျတဲ့တရားခံလည်း လွတ်မြောက်နေဆဲ ဖြစ် တယ်ဗျာ၊ သူတို့ကိုမိမှသာ တစ်ကယ့်နောက်ကွယ်က တရားခံကို ဖော်ထုတ်သိရှိရမှာပေါ့၊ ကျနော် တို့ဖမ်းမိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်၊ အရင်းအမြစ်ကနေ သယ်လာတဲ့ အုပ်စုကို ကျနော် တို့ဖမ်းဆီးနိုင်ခြင်းမရှိဘူး၊ သို့သော်လည်း အကြမ်းအားဖြင့်တော့ နယ်စပ်ပေါ့နော်၊ ရှမ်းပြည်နယ်ဘက်ကနေ သယ်လာတယ်လို့ ကျနော်တို့ခန့်မှန်းတာပေါ့"

ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ၊ သာကေတ၊ မြောက်ဒဂုံနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့မှာ မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းဆီးရမိ ခဲ့တာဖြစ်ပြီး အဲဒီအမှုတွေဟာ ဆက်စပ်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီအမှုတွေနဲ့ ပတ်သက်ပြီး ကုလားတန်မြစ်ဝှမ်းဒေသ ဖံ့ွဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက် ဦးမင်းဦးခိုင်အပါအဝင် ၁၂ ဦးကို ဖမ်းမိထားတာဖြစ်ပြီး အဲဒီအမှု တွေမှာ ရေလုပ်ငန်းရှင်တချို့ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ သန်းနဲ့ချီ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံကိန်းချလုပ်ဆောင်နေတဲ့ မူးယစ်တိုက်ဖျက်ရေး ၁၅ နှစ်တာ ကာလအတွင်း အများဆုံး ဖမ်းဆီးရရှိမှု ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org