ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ
စက်တင်ဘာလ ၉ ရက်နေ့ မနက် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ မြန်မာနိုင်ငံအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး သေဆုံးသူ လူနာအသစ် နှစ်ဦး ထပ်မံတိုးလာပါတယ်။
-
2020-09-08 -
-
-
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာထားရှိတဲ့ စစ်တွေပြည်သူ့ဆေးရုံအနီးမှာ သွားလာနေတဲ့ သူနာပြုဆရာမများကို ၂၀၂၀ စက်တင်ဘာ ၁ ရက်နေ့ကတွေ့ရစဉ်
Photo: Ni Min Tun/RFA
စက်တင်ဘာလ ၉ ရက်နေ့ မနက် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ မြန်မာနိုင်ငံ အတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး သေဆုံးသူ လူနာအသစ် နှစ်ဦး ထပ်မံတိုးလာပါတယ်။
ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၅၁ နှစ်အရွယ် လူနာအမှတ် ၈၈၅ ဟာ ဒီနေ့မနက် ၃ နာရီခွဲခန့်မှာ ရုတ်တရက် နှလုံးရပ်၊ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ပျက်စီး သေဆုံးခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် လူနာအမှတ် ၁၆၉၂ ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်း ပိုးတွေ့လူနာသစ်က ၉၈ ဦးရှိပြီး အများစုက ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ ရခိုင်၊ ကချင်နဲ့ နေပြည်တော်တို့က တစ်ဦးစီပါဝင်ပြီး ပဲခူးတိုင်းက နှစ်ဦးပါပါတယ်။ အတည်ပြုလူနာ စုစုပေါင်းဟာ ၁၈၀၇ ဦး ရှိသွားပြီဖြစ်ပါတယ်။