၁၉၉ဝ ထောင်တွင်းသပိတ်တိုက်ပွဲ ၂၅ ပြည့် အထိမ်းအမှတ် ကျင်းပ

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ၁၉၉ဝ ခုနှစ်က သမိုင်းဝင်ထောင်တွင်းသပိတ် တိုက်ပွဲ ၂၅ ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်မှာ ဒီကနေ့ မနက်ကပြုလုပ်ခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ၁၉၉ဝ ခုနှစ်က သမိုင်းဝင်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၅ ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်မှာ ဒီကနေ့ မနက်ကပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီအချိန်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ပေးဖို့ ရန်ကုန် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုတာကို စစ်ထောက်လှမ်းရေးနဲ့ ထောင်အာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့ပြီး၊ တချို့ကို စစ်ခွေးတိုက်မှာ တိုက်ပိတ် ပြစ်ဒဏ်ပေးခဲ့သလို၊ တချို့ကိုလည်း နယ်ထောင်အသီးသီးကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဒီနေ့အခမ်းအနားကို ပြုလုပ်တာဖြစ်သလို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျာတို့လည်း တက်ရောက်ဟောပြော ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org