သြင်္ကန်မှာ လူ ၂ဝ ကျော်သေဆုံး

သြင်္ကန်အကြိုနေ့ကနေ ပထမအကြတ်နေ့ အထိ ၃ ရက်အတွင်း တစ်နိုင်ငံလုံး မှာ သေဆုံးသူ ၂၀ ကျော်ရှိကြောင်း အစိုးရ က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သြင်္ကန်အကျနေ့ ရန်ကုန်မြို့မှာ ရေကစားနေတဲ့လူတွေကို မြင်ရစဉ် Photo: Aung Thain Kha/RFA

သြင်္ကန်အကြိုနေ့ကနေ ပထမအကြတ်နေ့အထိ ၃ ရက်အတွင်း တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၂၀  ကျော်ရှိကြောင်း အစိုးရက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ ပထမအကြတ်နေ့တစ်ရက်တည်းမှာ သေဆုံးသူ ၁၅ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၇၅ ဦးနဲ့ အမှုပေါင်း ၇၆ မှု ရှိပါတယ်။

အစိုးရထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အမှုပေါင်း ၁၃၂ မှုရှိပြီး အဲဒီထဲမှာ ယာဉ်တိုက်မှု၊ ယစ်မျိုးဖမ်းဆီးအရေးယူမှု၊ ခိုးမှု၊ လက်နက်မှု စတဲ့အမှုတွေ ပါဝင်ပြီး အဲ့ဒီအမှုတွေထဲမှာ ခိုးမှုက အများဆုံးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီနေ့အထိ ခိုးမှု ၄၀ နီးပါးကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း ရန်ကုန်တိုင်း ရဲတပ်ဖဲ့ွက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ ပထမအကြတ်နေ့အထိ ရောက်ရှိလာတဲ့ လူနာပေါင်း ၄၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ယာဉ်တိုက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ များ ပါတယ်။ အလားတူ မန္တလေးဆေးရုံကြီးမှာဆိုရင် မနေ့ကအထိ ရောက်ရှိလာတဲ့ လူနာပေါင်း ၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀ ကျော် ရှိနေပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ လူမှုအဖွဲ့အစည်းတွေက သြင်္ကန်ကာလအတွင်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် မြို့ကြီးအတော်များများက မဏ္ဍပ်တိုင်းနီးပါးမှာ ဆေးပစ္စည်းစုံလင်တဲ့ လူနာတင်ယာဉ်တွေထားရှိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org