နိုင်ငံတော်ကို ဒက္ခိဏသီရိခရိုင်တရားရုံးမှာ တရားစွဲဖို့ အဖွဲ့ ၅ ဖွဲ့ ပြင်ဆင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေနဲ့ ပြည်သူ့ ဆန္ဒခံယူပြီး ပြဌာန်းခဲ့တာကြောင့် နိုင်ငံတော်ကို တရားစွဲဆိုဖို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အဖွဲ့အပါအဝင် အဖွဲ့ ၅ ဖွဲ့က လူပုဂ္ဂိုလ် ၁၅ ဦးက ဒီနေ့ နေပြည်တော် ဒက္ခိဏ သီရိခရိုင်တရားရုံးကို သွားရောက်ခဲ့ပါတယ်။
-
2017-07-04 -
-
-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေနဲ့ ပြည်သူ့ဆန္ဒခံယူပြီး ပြဌာန်းခဲ့တာကြောင့် နိုင် ငံတော်ကို တရားစွဲဆိုဖို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အဖွဲ့အပါအဝင် အဖွဲ့ ၅ ဖွဲ့က လူပုဂ္ဂိုလ် ၁၅ ဦးက ဒီနေ့ နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးကို သွားရောက်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတုန်းက မြန်မာနိုင်ငံသားဦးရေကို ၅၇ သန်းလို့ ဖော်ပြထားပြီး ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ၅၁ သန်းသာရှိတဲ့အတွက် လူဦးရေ ၆ သန်းကွာဟနေတယ်လို့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့ အတွက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အဖွဲ့က ဦးဆောင်ရေးဆွဲမယ်လို့လည်း ပြောပါတယ်။
တရားစွဲဆိုဖို့အတွက် ဒက္ခိဏသီရိခရိုင်တရားရုံးကို ဒီနေ့ လာရောက်ခဲ့ပေမယ့် ကိုယ်စားလှယ်လွှဲစာ ဆောင် ရွက်ပေးမယ့်ရှေ့နေက ကျန်းမာရေးကြောင့် မလာနိုင်တဲ့အတွက် တရားစွဲဆိုမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
နိုင်ငံတော်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ အဖွဲ့ ငါးဖွဲ့မှာ ၁၉၉၀ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ UNDO၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ၊ လူ့အခွင့်ရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုကော်မတီ၊ ကရင်အမျိုးသမီးအစည်းအရုံးတို့ ပါဝင်ပါတယ်။