၂၀၁၇ ကျရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ ပိုများမည်

မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်ကစပြီး သက်ကြီးရွယ်အိုဦးရေက အလုပ်လုပ်တဲ့ အရွယ်ဦးရေထက်ပိုများ လာတော့မှာမို့ လက်ရှိစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုပြီလို့ OECD ခေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီရင် ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ်ကစပြီး သက်ကြီးရွယ်အိုဦးရေက အလုပ်လုပ်တဲ့အရွယ်ဦးရေထက်ပိုများလာတော့မှာမို့ လက်ရှိစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုပြီလို့ OECD ခေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစီရင်ခံစာက ဆိုပါတယ်။

လက်ရှိလူဦးရေ ၅၉ သန်းဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကျရင် အသက် ၁၀ ကနေ ၆၄ နှစ်ကြားလူဦးရေဟာ ကျဆင်းသွားမယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတစ်ခုက ဖော်ပြပါတယ်။

အခုလက်ရှိ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေဟာလည်း နောက်လာမယ့်အနှစ် ၂ဝ မှာ လူအိုစာရင်းဝင်သွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အချိန်မီအောင်မြင်အောင်မဆောင်ရွက်နိုင်ရင် မြန်မာနိုင်ငံဟာ မချမ်းသာခင် အိုမင်းရင့်ရော်သွားတဲ့ ကိန်းဆိုက်သွားလိမ့်မယ်လို့ OECD အစီရင်ခံစာ ဖေါ်ပြပါတယ်။

အလားတူအဖြစ်မျိုးကို ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေလည်း ကြုံရဖွယ်ရှိနေပြီး၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာတော့ အလုပ်လုပ်နိုင်တဲ့အရွယ် လူဦးရေက ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org