စစ်ကောင်စီ ပြန်လုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံဘူးလို့ NLD ထုတ်ပြန်

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဇူလိုင်လ ၉ ရက် ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အသိ အမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဇူလိုင်လ ၉ ရက် ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်ကော်မတီနဲ့ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာ ကော်မတီဝင်များ၊ တိုင်းနဲ့ပြည်နယ် တာဝန်ခံများရဲ့ အစည်းအဝေး အမှတ် စဉ် (၂၅/၂၀၂၂) ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို ပယ် ဖျက်ခဲ့သလို အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တာတွေ ဖြစ်နေချိန်မှာပဲ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ NLD က ရေးသားထားပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်သလို သမ္မတကသာ ဖွဲ့စည်ခွင့် ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းတာလည်း ဥပဒေ၊ နည်း ဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၃၈) သန်းကျော် (၃၈,၂၇၁,၄၄၇ ) ရှိခဲ့ပြီး အဲဒီထဲက ၇၁ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ NLD က ထုတ် ပြန်ပါတယ်။

အဲဒီရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၁၁၇ ခုမှာ NLD က ၈၂.၃၆ ရာခိုင်နှုန်း၊ လွှတ် တော်ကိုယ်စားလှယ် ၉၂၀ အနိုင်ရခဲ့တာ ဖြစ်တယ်လို့ NLD က ဆိုထားပြီး တရားဝင်ထုတ် ပြန်ပြီးတဲ့ ဒီရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ ညီတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်က ဒီရွေးကောက်ပွဲကို မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြောထားပြီး မြို့ ပေါ်နဲ့ ကျေးလက် ဒေသတွေမှာ လူဦးရေးစာရင်း ကောက်ခံတာနဲ့ လူတိုင်း မှတ်ပုံတင်ရှိရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက် နေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org