၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရနိုင်အောင် ဆောင်ရွက်နေ

လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိအောင် ပညာရှင်တွေနဲ့ စီမံကိန်းချပြီး အကောင် အထည်ဖော်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ၂၀၁၇ သြဂုတ်လ ၇ ရက်နေ့ကကျင်းပတဲ့ ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: Hset Paing Toe/ RFA

လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိအောင် ပညာရှင်တွေနဲ့ စီမံကိန်းချပြီး အကောင် အထည်ဖော်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်းရဲ့ အဖွင့်မိန့်ခွန်းပြောရာမှာ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရအဖွဲ့က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ပြောကြားခဲ့တာပါ။

"ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးဟာ ၂၀၃၀ မှာ လျှပ်စစ်မီးရအောင် ၂၀၃၀ ဆိုတော့ အခုတွက် လို့ရှိရင် အချိန်ကကျန်သေးတယ်။ ၁၃ နှစ် တောင်ကျန်သေးတယ်လို့ ပြောပါလိ့မ်မယ်။ ဟုတ်ပါတယ် ကြာပါတယ်။ ကျမတို့က တကယ်တော့ ၁၃ ရက်တည်းနဲ့ ရအောင်လုပ်လို့ရရင် ရတယ်ဆိုရင် လုပ်ချင်တာပေ့ါ။ ဒါပေမဲ့ ကျမတို့က လက်တွေ့ကျကျ စဉ်းစားရတယ်။ စဉ်းစားတဲ့အခါမှာ ကျမတု့ိ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရဖို့အတွက်ဆိုရင်၂၀၃၀ လောက်ထိ သေသေချာချာ စီမံကိန်းချပြီးတော့ လုပ်ယူရမယ်လို့ ပညာရှင်တွေရော၊ သက်ဆိုင်ရာအစိုးရဌာနတွေရော ဒီအဖြေထွက်လာပါတယ်။ အဲဒီဟာကို ဦးတည်ပြီးလုပ်သွားပါမယ်။"

လက်ရှိတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးကို ၃၈.၅ ရာခိုင်နှုန်းလောက်ကသာ သုံးစွဲနိုင်သေးတာမို့ လူနည်းစုကပဲ လျှပ်စစ်မီးရဲ့အကျိုးကို ခံစားခွင့်ရနေသေးတယ် လို့ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်မီးဟာအရေးကြီးသလို ငြိမ်းချမ်းရေးဟာလည်း တန်းတူအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ စကားဝိုင်းမှာ မြေတိုင်ကန်ရွာက ဒေသခံ ၈ ဦးနဲ့ စကားဝိုင်းဖွဲ့ပြောကြားရာမှာ ဒေသခံတွေက သူတို့ အခက်အခဲတွေကို တင်ပြဆွေးနွေးကြရင်း ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တစ်ဦးချင်းစီကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအားလုံး ပါဝင်လာနိုင်ရေးကို အဓိကထားပြီး ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org