ညီလာခံ ပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေး ကျင်းပ
လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပ မယ့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအစီအစဉ်တွေနဲ့ ညီလာခံအတွင်း အစုအဖွဲ့အလိုက် ဆွေးနွေးသွား မယ့် ကိစ္စတွေကို ညီလာခံ ပူးတွဲကျင်းပရေး ကော် မတီက ဒီနေ့ ဆွေးနွေးကြပါတယ်။
-
2016-08-29 -
-
-
လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအစီအစဉ်တွေနဲ့ ညီလာခံအတွင်း အစုအဖွဲ့အလိုက် ဆွေးနွေးသွားမယ့် ကိစ္စတွေကို ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီက ဒီနေ့ ဆွေးနွေးကြပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ညီလာခံပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေး ကျင်းပနေတာ ဖြစ်ပါတယ်။
ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီဖြစ်သလို ညီလာခံကို တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ခေါင်းဆောင်တွေ လည်း နေပြည်တော်ကို ရောက်ရှိနေ ပြီဖြစ်ပါတယ်။
ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေဟာ နေပြည်တော်က သင်္ဂဟဟိုတယ်၊ Royal ACE ဟိုတယ်၊ Sky Palace ဟိုတယ်နဲ့ ရွှေနန်းတော် ဟိုတယ်တွေမှာ တည်းခိုကြမှာဖြစ်ပါတယ်။
လတ်တလောမှာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်မတော် AA တို့ကို ညီလာခံတက်ရောက်နိုင်ရေးအတွက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။
ညီလာခံဖွင့်ပွဲမှာ အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး၊ ကုလသမဂ္ဂ အထွေထွအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း တက်ရောက် မိန့်ခွန်း ပြောကြား မှာဖြစ်ပါတယ်။