လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၂၆ နှစ်ပြည့်အခမ်းအနား ကျင်းပ

၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကြီးနောက်ပိုင်း တက္ကသိုလ်ကျောင်း သားတွေ ဦးစီးတည်ထောင်ခဲ့တဲ့ လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီရဲ့ပါတီ တည်ထောင်ခြင်း ၂၆ နှစ်ပြည့်အခမ်းနားတွေကို ရန်ကုန်မြို့က နေရာနှစ်နေရာ မှာ ကျင်းပခဲ့ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၂၆ နှစ်ပြည့်အခမ်းအနား ကို အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပနေစဉ် Photo: Myo Zaw Ko, Kyaw Htoon Naing / RFA

၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသားတွေ ဦးစီးတည်ထောင်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ပါတီ တည်ထောင်ခြင်း ၂၆ နှစ်ပြည့်အခမ်းနားတွေကို  ရန်ကုန်မြို့က နေရာနှစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင် မိုးဇော်က သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက် မှာ အခမ်းအနားတစ်ရပ် ကျင်းပပြီး၊ တစ်ချိန်တည်းမှာပဲ ဦးဇေယျာ ဦးဆောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကလည်း ပါတီရဲ့ ၂၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မြန်မာ့ဂုဏ်ရည် လမ်းကရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

ဦးအောင်မိုးဇော် ဦးဆောင်တဲ့ လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲပြီးနောက်ပိုင်း ထိုင်း မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး ကေအန် ယူ ထိန်းချုပ်နယ်မြေမှာ အခြေစိုက်ခဲ့ပြီး အစိုးရသစ် လက်ထက် ပြည်တွင်းမှာ ပြန်လည်အခြေစိုက်ခဲ့တာ ဖြစ်ပါ တယ်။ ပါတီဦးဆောင်မှု ၂ ခုဖြစ်နေတာကို ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

ဒီအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org