ကိုယ်စားလှယ်တစ်ဦးကို သိန်း၃ဝ ထောက်ပံ့

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးကို ငွေကျပ် သိန်း ၃ဝ စီနဲ့ ကိုယ်စား လှယ်လောင်း ၁ဝဝဝ ကျော်ကို ထောက်ပံ့ပေးထားတယ်လို့ ပါတီဗဟိုဌာနချုပ် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားကို ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပနေစဉ် Photo: Aung Thain Kha/ RFA

ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ် စားလှယ်လောင်း တစ်ဦးကို ငွေကျပ် သိန်း ၃ဝ စီနဲ့ ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော်ကို ထောက်ပံ့ပေးထား တယ်လို့ ပါတီဗဟိုဌာနချုပ် က ပြောပါတယ်။

လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အားလုံးကို ထောက်ပံ့ငွေတွေကို လွှဲအပ်ထားပြီးဖြစ်တယ်လို့ နေပြည်တော် ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်က တာဝန်ရှိသူ ဦးအောင်နိုင်ထွန်းက ပြောပါတယ်။

"ကော်မရှင်ကနေထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ သုံးဖို့ဆိုပြီးတော့ သတ်မှတ်ချက်တွေရှိတယ်လေ၊ အဲ့မူဝါဒနဲ့အညီ ပါတီဘက်ကတော့ တစ်ဦးကို သိန်း ၃ဝ နှုန်း ဘဲ၊ လတ်တလော အဲ့ဒါထုတ်ပေးထား တယ်၊ ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်၊ ထပ်တော့ မပြောသေးပါဘူး၊ ကျနော်တို့ ဖက်ကလည်း လူကြီးတွေလမ်းညွှန်ချက်အရ ၃ဝ အရင်လွှဲပေးပါဆိုလို့ ပေးလိုက်တာပါဘဲ၊ တိုင်းတွေ ကိုပေးတယ်၊ တိုင်းကနေ တဆင့် ကိုယ်စားလှယ်တစ်ဦးချင်းကိုပို့ပေး တယ်၊ ဒီလိုလေးတော့ရှိပါတယ်"

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲအတွက် တစ်ပြည်လုံးမှာ လွှတ်တော်ကိုယ် စားလှယ်လောင်း ၁၁၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအားလုံးကို ထောက်ပံ့ပေးထား တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါတီကို လူထုပိုမိုသိရှိနိုင်ဖို့အတွက်လည်း ပါတီတံဆိပ်ပါတဲ့ သော့ချိတ်၊ ထီး၊ တီရှပ် စတာ တွေကိုလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖြန့်ဝေပေးနေ တယ်လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ငွေကျပ် သိန်းတစ်ရာ ထက်မပိုတဲ့ ပမာဏကို သုံးစွဲနိုင်ကြောင်း ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မှာကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ကစတင်ပြီး မဲဆွယ်စည်းရုံးနိုင်တော့မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org