ကမာရွတ်မြို့နယ်မှာ စျေးသည်အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦးအဖမ်းခံရ

ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အောင်ချမ်းသာ ၄ လမ်းနဲ့ ရတနာလမ်း ထဲကို အောက်တိုဘာလ ၅ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး ညနေ ၄ နာရီခန့်လောက်မှာတော့ အောင်ချမ်းသာ ၄ လမ်းက ပြည်သူ သုံးဦးကို ဖမ်းဆီးသွား တယ်လို့ အနီးအနားမှာ နေထိုင်သူတွေကပြောပါတယ်။

ကမာရွတ်မြို့နယ် ၅ရပ်ကွက်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ စက်တင်ဘာ ၇ ရက်‌နေ့က တွေ့ရစဉ် Photo: Kamayut Information - KMY INFO

ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အောင်ချမ်းသာ ၄ လမ်းနဲ့ ရတနာလမ်းထဲကို အောက်တိုဘာလ ၅ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး ညနေ ၄ နာရီခန့်လောက်မှာတော့ အောင်ချမ်းသာ ၄ လမ်းက ပြည်သူ သုံးဦးကို ဖမ်းဆီးသွားတယ်လို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

စစ်ကား၊ ရဲကားအပြင် အိမ်စီးကားတွေနဲ့ ဝင်ရောက်လာပြီး ရတနာအောင် ပရဟိတအသင်း အပါအဝင် လမ်းနှစ်လမ်းစလုံးကို စစ်ဆေးရှာဖွေတာတွေ အတော်ကြာလုပ်ခဲ့ပြီးမှ ပရဟိတအသင်းက ယာဉ်မောင်းတစ်ဦး၊ လမ်းထိပ်အကင်ဆိုင်က အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းသွားတာ တွေ့တယ်လို့ ဒေသခံကပြောပါတယ်။

“ရတနာအောင် ပရဟိတအသင်းက တစ်ဦးကို လာရှာတယ်လို့ထင်တယ်၊ အတော်ကြာတယ်၊ နောက်ဆုံး သူတို့လိုချင်တဲ့သူ မတွေ့လို့နေမယ် ညနေလောက်မှာ ဒါရိုက်ဘာရယ် အကင်ရောင်းနေတဲ့ ကောင်မလေး ရယ် နောက်ထပ် ယောက်ကျားလေးတစ်ဦးရယ် ဖမ်းသွားတာတွေ့တယ် ” လို့ ကိုယ်တိုင်တွေ့ခဲ့ရသူက ပြောပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်မသွားတာကြောင့် လမ်းထဲနေသူတွေတောင် တချို့မသိလိုက်ဘူးလို့ ဆိုပါတယ်။

သုံးဦးထက်မက အဖမ်းခံရပြီး လက်နက်နဲ့ ဆက်စပ်တဲ့ပစ္စည်းတွေပါ သိမ်းဆည်းမိသွားတယ်လို့ ဒေသခံ အချို့က ပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org