စစ်ကောင်စီခေါင်းဆောင်ရဲ့ နာရေးပုံစံ ဗီဒီယိုကြောင့် အမျိုးသမီး သုံးဦး ပြည်မြို့မှာ ဖမ်းခံရ

စစ်ကောင်စီဥက္ကဋ္ဌရဲ့ နာရေးပုံစံနဲ့ ဆန္ဒပြခဲ့တဲ့ ဗီဒီယိုတစ်ခုအတွင်း ပါဝင်လို့ဆိုပြီး ပြည်မြို့ က အမျိုးသမီး သုံးဦး ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်မြို့က လူငယ်တစ်စုက အာဏာရှင်ကိုအလိုမရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဈာပနအခမ်းအနားလိုလုပ်ပြီး ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကောင်စီဥက္ကဋ္ဌရဲ့ နာရေးပုံစံနဲ့ ဆန္ဒပြခဲ့တဲ့ ဗီဒီယိုတစ်ခုအတွင်း ပါဝင်လို့ဆိုပြီး ပြည်မြို့ က အမျိုးသမီး သုံးဦး ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မွေးနေ့ ဇူလိုင် ၃ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ နာရေးပုံစံနဲ့ ဆန္ဒပြခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့လာပြီးတဲ့နောက် အဲဒီ ဗီဒီယိုထဲမှာပါတဲ့ အမျိုးသမီး သုံးဦး ဖမ်းဆီးခံခဲ့ ရတာပါ။ ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်သန္တာလင်းဟာ နေအိမ် မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ကျန်အမျိုးသမီး နှစ်ဦးရဲ့ အမည်နဲ့ လိပ်စာကိုတော့ မသိရသေးပါဘူး။

အဲဒီဗီဒီယိုဟာ အာဏာသိမ်းစက ရိုက်ထားတဲ့ ဗီဒီယိုဖြစ်ပြီး ဇူလိုင်လ ၃ရက်မှာ လူမှုကွန်ရက်အတွင်း ပြန်တင် ခဲ့တာလို့ ဒေါ်သန္တာလင်းရဲ့မိသားစုနဲ့ နီးစပ်သူ တစ်ယောက်ကပြောပါတယ်။ Facebook လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုရဲ့အောက်မှာ Video File ကို ပြန်ဖျက်ဖို့နဲ့ အဲဒီအထဲမှာ ပါဝင်ခဲ့သူတွေကို ဒုက္ခပေးမယ်ဆိုတဲ့ ခြိမ်းခြောက်စာကို Comment အဖြစ် ရေးသားထားတာလည်းရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org