ရခိုင်ကထွက်လာတဲ့ ရိုဟင်ဂျာ ၃၀ ဘိုကလေးမှာ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ထွက်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၂၅ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၃၀ ဟာ ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနေ့မနက်က ဖမ်းဆီးခံခဲ့ရပါတယ်။

ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာများကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ် Photo: CJ

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ထွက်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ငါးဦး စုစုပေါင်း ၃၀ ဟာ ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနေ့မနက်က ဖမ်းဆီးခံခဲ့ရပါတယ်။

စက်လှေနဲ့ ဘိုကလေးမြစ်ထဲမှာ သွားနေစဉ် ဒေသခံတွေက တားမြစ်စစ်ဆေးရာမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံ ကိုလှအောင်ကပြောပါတယ်။

"အစကတော့ သူတို့မှန်းမသိပါဘူး၊ ဒီဘက်မှာက ကျွဲနွား မှောင်ခိုကူးတာ အရမ်းများတော့၊ မှောင်ခိုကူးတဲ့ ပဲ့ထောင်မှတ်လို့ တားပြီးစစ်လိုက်တာ။ သူတို့အကုန်လုံးကို ဘိုကလေးရဲစခန်းက လာခေါ်သွားပါပြီ"

သူတို့ဟာ ရခိုင်ပြည်နယ် ဘယ်မြို့နယ်တွေကဆိုတာ လတ်တလောမသိရသေးပါဘူး။

အဲဒီရိုဟင်ဂျာတွေကို တွံတေးမြို့နယ်ဘက်ကို ဦးတည်ထွက်ခွာလာကြတာဖြစ်ပြီး စက်လှေနဲ့အတူ ဦးဆောင် ခေါ်ယူလာတဲ့ ဒေသခံသုံးဦးကိုလည်း ဘိုကလေးရဲစခန်းမှာ ရဲကစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၀ ကိုလည်း ဘိုကလေးမြို့ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org