နေရပ်စွန့်ခွာလာတဲ့ မွတ်စလင်ဒုက္ခသည် ၃၀ လောက် ဖမ်းမိ

မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

၂၀၁၉၊ ဇန်နဝါရီ ၂၀ ရက်နေ့က အထောက်အထားမဲ့ မွတ်စလင် ၁၅ ဦးတို့ကို ဖမ်းဆီးရမိစဉ် ဓါတ်ပုံ - မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းမပေါ်မှာ အထောက်အထားမဲ့ မွတ်စလင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲမှူး မြင့်မောင်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၃၄ မှာ တိမ်း မှောက်ခဲ့တဲ့ စူပါကာစတန် ကားပေါ်မှာ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြားမြို့အနီးက ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ မွတ်စလင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org