ကိုဗစ်ကြောင့် မြန်မာမှာ တစ်ရက်အတွင်း ၃၅ ယောက်သေဆုံး

မနေ့က ၂၄နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၃၁၈ ယောက်ကို စစ်ဆေး တွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါဟာ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပိုးတွေ့လူနာ အများဆုံးနဲ့ ပိုးတွေ့နှုန်း အများဆုံး စံချိန်တင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ သေဆုံးသူများကို ၂၀၂၁ ဇူလိုင် ၁ ရက်နေ့က သင်္ဂြိုဟ်‌ပေးနေစဉ် Photo: The Tedim Post

မနေ့က ၂၄နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၃၁၈ ယောက်ကို စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါဟာ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပိုးတွေ့လူနာ အများဆုံးနဲ့ ပိုးတွေ့နှုန်း အများဆုံး စံချိန်တင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာပေါင်း ၁၆၅,၄ဝ၅ ယောက် ရှိသွားပါပြီ။ သေဆုံးသူ ၃၅ ယောက် မနေ့က ထပ်ပြီးတိုးလာလို့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၃၄၁၉ ယောက် ရှိသွားပါပြီ။ ကူးစက်မှု ပိုမြန်ပြီးပိုပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေ မြန်မာနိုင်ငံမှာရှိနေပြီလို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပြီး သေဆုံးသူနဲ့ ကူးစက်သူ အရေအတွက်ဟာလည်း ပြီးခဲ့တဲ လကစလို့ သိသိသာသာ မြင့်တက်လာခဲ့တာပါ။

ကျန်းမာရေးဌာနရဲ့ မနေ့က နောက်ဆုံး ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ်တွေ အများဆုံးတွေ့တဲ့ ဒေသ တွေက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့ ဖြစ်ပါတယ်။ ကပ်ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၂၆ ခုရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org