ကချင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ရလဒ် ကိုယ်စားလှယ်လောင်း ၃ ဦး လက်မှတ်မထိုး
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မှာ ကြိုတင်မဲရလဒ်အပေါ် အငြင်းပွားစရာရှိနေတယ်ဆိုပြီး ကိုယ်စားလှယ်လောင်း ၃ ဦးက မဲရလဒ်ကို လက်မှတ် မထိုးပေးဘူးလို့ သိရပါတယ်။
-
2018-11-05 -
-
-
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မှာ ကြိုတင်မဲရလဒ်အပေါ် အငြင်းပွားစရာရှိနေတယ် ဆိုပြီး ကိုယ်စားလှယ်လောင်း ၃ ဦးက မဲရလဒ်ကို လက်မှတ်မထိုးပေးဘူးလို့ သိရပါတယ်။
အငြင်းပွားနေတဲ့ ကြိုတင်မဲတွေဟာ တပ်မတော်သားတွေရဲ့ မဲတွေ ဖြစ်ပြီး ဒီအပေါ် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့လည်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၆ ဦးရှိတဲ့အထဲက NLD ကိုယ်စားလှယ်လောင်း၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ကိုယ်စားလှယ်လောင်းနဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ်လောင်းတို့က မဲရလဒ် ပုံစံ ၁၉ မှာ လက်မှတ်မထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ် သုံးဦးက လတ်မှတ်မထိုးခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအရေအတွက် နှစ်သောင်းကျော်နဲ့ အနိုင်ရရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
KDP ပါတီက ဒုတိယမဲအများဆုံး ဖြစ်ပြီး NLD ပါတီက တတိယမဲအများဆုံး ရရှိခဲ့တာဖြစ်ပါတယ်။
မဲပေးခွင့် နှစ်သိန်းကျော်ရှိတဲ့အနက် မဲလာပေးသူ ၇သောင်းနီးပါးသာရှိခဲ့ပြီး အဲဒီထဲမှာကြိုတင်မဲက ၆ထောင်နီးပါး ရှိခဲ့ပါတယ်။ ကြိုတင်မဲထဲမှာ တပ်ကြိုတင်မဲက လေးထောင်ကျော် ပါဝင်တယ်လို့ သိရပါတယ်။