နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ် ၃ ခု တိုးချဲ့ ဖွင့်လှစ်မည်

မြန်မာအစိုးရဟာ လာမယ့်ပွင့်လင်းရာသီ မှာ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ် ၃ ခု ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။

တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တံခါး ကို တရုတ်နိုင်ငံဘက်က မြင်ရစဉ် AFP

မြန်မာအစိုးရဟာ လာမယ့်ပွင့်လင်းရာသီမှာ နယ်စပ် ကုန်သွယ်ရေး ဂိတ်သစ် ၃ ခု ထပ်မံဖွင့်လှစ်ဖို့ စီစဉ်နေ တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

နယ်စပ်ဂိတ်သစ်တွေကို ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ဖို့ အတွက် တနင်္သာရီတိုင်းမှာ ၁ ခုနဲ့ ကယားပြည်နယ်မှာ ၁ ခု ဖွင့်လှစ်သွားမှာဖြစ်သလို အိန္ဒိယနဲ့ ကုန်သွယ်ဖို့ ချင်းပြည်နယ်မှာ ၁ ခု ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဲဒီဂိတ်သစ် ၃ ခု ဖွင့်လှစ်ပြီးရင် မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေးဂိတ် စုစုပေါင်း ၁၈ ခုရှိလာ မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ကတော့ တရုတ်နယ်စပ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနဲ့ ထိုင်းနယ်စပ်က မြဝတီ၊ အိန္ဒိယနယ်စပ်က တမူးတို့ ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်က မူဆယ်ဂိတ်ဟာ ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃ ဘီလျံကျော်ဖိုး ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာအာဏာပိုင်တွေဟာ တရားမဝင် နယ်စပ်ကုန်သွယ်ရေးကိုလည်း တိုက်ဖျက်နေပြီး ၂၀၁၂ နိုဝင်ဘာလကနေ ဒီကနေ့အထိ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံဖိုး တရားမဝင်ကုန်စည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org