ကျောင်းသားတွေကို ရိုက်နှက်ခဲ့တဲ့ သံဃာ ၄ ပါးကို အမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာ မှာရှိတဲ့ အဝါရောင် မျိုးဆက် လူငယ်ပရဟိတမိဘမဲ့နဲ့ ဆင်း ရဲနွမ်းပါးကလေးငယ်တွေကို စာသင်ပေးတဲ့ ဘုန်းတော် ကြီးကျောင်းမှာ ကျောင်းသားတွေကို ဝါးစိမ်းတုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ သံဃာ ၄ ပါးကို မိဘအုပ်ထိန်းသူတွေက လပွတ္တာ တရားရုံးမှာ တရားစွဲဆို လိုက်ပါတယ်။

လပွတ္တာမြို့နယ် အပြင်ရေဆိုင်ကျေးရွာ YGW ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းက ကလေးတွေကို တွေ့ရစဉ် ဓါတ်ပုံ - လပွတ္တာမြို့- y.g.w ရတနာအလင်းရောင်မိဘမဲ့ကျောင်း Facebook

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာ မှာရှိတဲ့ အဝါရောင်မျိုးဆက် လူငယ်ပရဟိတမိဘမဲ့နဲ့ ဆင်းရဲနွမ်းပါးကလေးငယ်တွေကို စာသင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားတွေကို ဝါးစိမ်းတုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ သံဃာ ၄ ပါးကို မိဘအုပ်ထိန်းသူတွေက လပွတ္တာ တရားရုံးမှာ တရားစွဲဆို လိုက်ပါတယ်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ရိုက်နှက် ခံရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မောင်စိုးမောင်မောင်ရဲ့ အဖွားဖြစ်သူ ဒေါ်ကြည်အေးက ပြောပါတယ်။

"ကလေးကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ပဲ စွဲပါတယ်၊ အညိုအမဲတွေတော့ တွေ့ပါတယ်၊ ကျမတို့ သွားတဲ့အချိန်မှာ ရောင်နေတာတော့ တွေ့ ပါတယ် "

အုပ်ထိန်းသူတွေက ကျောင်းသားတွေကို ရိုက်ခဲ့တဲ့ သံဃာ ၄ ပါးကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ လပွတ္တာတရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲထားတာဖြစ်တယ်လို့ တူးမြောင်းနယ်မြေ ရဲစခန်းက ပြော ပါတယ်။

အရိုက်ခံရတဲ့ ကျောင်းသားတွေဖြစ်တဲ့ မောင်မျိုးထက်ဦး၊ မောင်စိုးမောင်မောင်ကိုယ်စား အဖွားဖြစ်သူ ဒေါ် ကြည်အေးနဲ့ မောင်ဝေယံဦး၊ မောင်ဖြိုးငွေစိုးတို့ကိုယ်စား အုပ်ထိန်းသူ မကေသီမိုးတို့က တရားစွဲဆို လိုက်တာပါ။

အဲဒီ အုပ်ထိန်းသူတွေနဲ့ ကလေးတွေကို ဒီကနေ့မနက်မှာ မြို့နယ် စုံစမ်းရေးအဖွဲ့က လပွတ္တာမြို့နယ် ပညာရေးမှူးရုံးမှာ လာရောက်တွေ့ဆုံပြီး အရိုက်ခံရတဲ့ အခြေအနေတွေကို မေးမြန်းသွားတယ်လို့ ကျောင်းသား မိခင်ဖြစ်တဲ့ မကေသီမိုးက ပြောပါတယ်။

အဝါရောင်မျိုးဆက် လူငယ်ပရဟိတကျောင်းမှာ မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို ပညာသင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသား ၁၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က အိမ်ပြန်ချင်တယ်လို့ ပြောခဲ့တဲ့ ကျောင်းသား ၁၅ ယောက်ကို ကျောင်းမှာရှိတဲ့ သံဃာ ၄ ပါးက ဝါးစိမ်းတုတ်နဲ့ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သာသနာရေး ဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org