ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦးကို လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံသား လှေစီးရွှေ့ပြောင်းသွားလာသူ ၄၈ ဦးကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးဒုက္ခသည် ၁၂၅ ယောက်ကို သြဂုတ်လ ၂၅ ရက်နေ့က နယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တရားဝင်လွှဲပြောင်းပေးခဲ့စဉ် Photo: MOI

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးရွှေ့ပြောင်း သွားလာသူ ၄၈ ဦးကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ  ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။

နှစ်နိုင်ငံအလံတင် အခမ်းအနားကျင်းပပြီး လွှဲပြောင်းပေးလိုက်တာလို့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

"၄၈ ယောက်ကို ဒီနေ့နေ့လယ်မှာပဲ လွှဲပေးလိုက်ပါတယ်၊ တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာပဲ အစည်းအဝေးပြုလုပ်ပြီး တောင်ပြိုလက်ဝဲမြို့မှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးတံတားမှာပဲ ၄၈ လွှဲပြောင်းလက်ခံမှုတွေ ဆောင်ရွက်ခဲ့ပါတယ်"

ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ပြင်မှာတေ့ွရှိခဲ့တဲ့  လှေစီးရွှေ့ပြောင်းသွားလာ သူတွေနဲ့ ဇူလိုင်လဆန်းလောက်က ကော့သောင်းဘက်မှာ တွေ့ရှိခဲ့တဲ့ လှေစီးရွှေ့ပြောင်းသွားလာသူတွေ ကို တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီစခန်းတွေ ဆောက်လုပ်ပြီး နေရာချထားတာဖြစ်ပါတယ်။

သူတို့ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ အသုတ်လိုက် လွှဲပြောင်းပေးရာမှာ အခုအကြိမ်ဟာ ၇ ကြိမ်မြောက်ဖြစ်ပြီး လူပေါင်း ၈၀၀ နီးပါးကို လွှဲပြောင်းခဲ့ပါတယ်။

တောင်ပြိုလက်ဝဲမြို့နယ်မှာ လွဲှပြောင်းပေးဖို့ နောက်ထပ် ၂၆ ယောက်သာ ကျန်ရှိနေပြီး အဲဒီ ၂၆ ဦးကိုလည်း စီစစ်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org