တွန်းဇံမြို့နယ်အတွင်း မိုးကြီး ပြီး တောင်ပေါ်ရေကန်ကျိုးပေါက်

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဒီနေ့မနက်က မိုးကြီးတာကြောင့် သဘာဝတောင်ပေါ် ရေကန်ကျိုးပေါက်ပြီး တွီးခိန်ဇန်ကျေးရွာက အိမ်ခြေ ၄ဝ နီးပါး ရေနစ်မြုပ်သွား တယ် လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။

ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ် ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဒီနေ့မနက်က မိုးကြီးတာကြောင့် သဘာဝတောင်ပေါ် ရေကန်ကျိုးပေါက်ပြီး တွီးခိန်ဇန်ကျေးရွာက အိမ်ခြေ ၄ဝ နီးပါး ရေနစ်မြုပ်သွားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။

အဲ့ဒီကျေးရွာက ဒေသခံ ၃ဝဝ ကျော်ကို ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။

"၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ တောင်ကျချောင်းရေတွေပေါ့နော် မိုးရေနဲ့အတူပေါ့ ရေကြီးလာပြီးမှ တွန်းဇံမြို့နယ်မှာရှိတဲ့ တွီးခိန်ဇန်ကျေးရွာပေါ့ ရေလျှံမှုဖြစ်တာပေါ့ဗျာ၊ သူ့ရဲ့ကျေးရွာကတော့ အိမ်ခြေက ကျနော်တို့သိရသလောက် ၅၉ အိမ် လူဦးရေကတော့ ၃၁ဝ လောက်ရှိတာပေါ့နော် အဲ့လောက်ပဲသိရသေး တယ်ခင်ဗျ၊ ကျနော်တို့သတင်းအရ အိမ်ခြေ ၄ဝ လောက်တော့ ထိခိုက်တယ်လို့ ကြားရပါတယ်ခင်ဗျ၊ အခုလောလောဆယ် ဘုန်းကြီးကျောင်းပေါ့နော် အခုအမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ နေနေပါတယ်"

အခုချိန်ထိ လူသေဆုံးမှုအခြေအနေကို မသိသေးကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ရေကြီးမှုကြောင့် ချင်းပြည်နယ်မှာ မြေပြိုကျပြီး လူ ၅ ဦး သေဆုံးခဲ့သလို လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ ရေဘေးကြောင့် ငွေကျပ် ၂၇ ဘီလီယံကျော် ဖိုး ပျက်စီးဆုံးရှုံးသွားတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရ ထံကနေ ငွေကျပ် ဘီလီယံ ၂ဝ တောင်းခံထားတယ်လို့ သိရပါတယ်။

အဲ့ဒီငွေနဲ့ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်း၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ အဆောက်အဦတွေနဲ့ လယ်မြေတွေကို ပြန်လည်ပြင်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကလေးမြို့မှာ ရေဘေးပြန်လည် ထူထောင်ရေးဆောင်ရွက်နေတဲ့ ကလေးမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဘကြူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org