လေးပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တစ်ကိုယ်တော်ဆန္ဒပြသူ အဖမ်းခံရ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ပျဉ်းမနားမြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွါးခဲ့ပါတယ်။

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေးအတွက် ပျဉ်းမနားမြို့မှာ ABSDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့် စက်တင်ဘာလ ၂၁ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြစဉ် Photo: Win Naung Toe/ RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် ပျဉ်းမနားမြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွါးခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြတဲ့ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၇ က ကျောင်းသားဟောင်းဖြစ်တဲ့ ကိုဇော်မြင့်က အခုလိုပြောပါတယ်။

"လက်နက်ကိုင် တိုင်းရင်းသားရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်သလို လက်နက် မဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးစားပွဲမှာ ဘာလို့တွေ့ဆုံ မဆွေးနွေးနိုင်ရမှာလဲ၊ အရင်တုန်းက စစ်သီချင်းရှိပါတယ်၊ ရန်သူနဲ့တွေ့ရင် မီးလို၊ ပြည်သူနဲ့တွေ့တော့ ပန်းလို၊ အခုက ဖြစ်ပျက်နေတာက လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ကျ ပန်းလိုဆက်ဆံပြီး ပြည်သူ နဲ့ထိပ်တိုက်တွေ့တဲ့အချိန်ကျုတော့ မီးလိုဆက်ဆံနေတာ၊ အဲ့ဒါတွေကို ရပ်ပါလို့ပြောချင်ပါတယ် ၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဒီနေရာကနေပြီးတော့ တောင်းဆိုရခြင်းဖြစ်ပါတယ်"

ကိုဇော်မြင့်ဟာ ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်းကနေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့အထိ လမ်းလျှောက်ဆန္ဒပြနေ တုန်းမှာ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org