လူမှောင်ခိုဂိုဏ်းကို ဖြိုခွင်းပြီး မြန်မာနိုင်ငံသားများကို ကယ်တင်နိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်မြောက်ပိုင်း ကီလိုမီတာ ၂၀၀ ကျော်လောက်မှာရှိတဲ့ ဆူဖန်ဘူလီ ပြည်နယ် ဆမ်ထွတ် ခရိုင်မှာ လူမှောင်ခိုဂိုဏ်း တဂိုဏ်းကို ထိုင်းရဲနဲ့TACDB လို့ ခေါ်တဲ့ NGO အဖွဲ့က မနေ့ည က ဝင်ရောက် စီးနင်းပြီး မြန်မာနိုင်ငံသား ၅၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများသည် လုပ်ခလစာ ပုံမှန်မရသည့်အပြင် သူတို့ကို လူမှောင်ခို ပွဲစားများ အဆင့်ဆင့် ရောင်းစားခဲ့ကြရသည်။ RFA

ဒီကိစ္စနဲ့ပတ်သက်လို့ TACDB အဖွဲ့က ထိုင်းရှေ့နေတဦးဖြစ်တဲ့ Mr. Nasa က RFA ကို -

"မြန်မာ အလုပ်သမား အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၂၄ ယောက်ကို အိမ်တွေထဲမှာ ပိတ်လှောင် ထားတာကို ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ကျနော်တို့ကယ်လိုက်နိုင်ခဲ့တာပါ။ သူတို့ကို ခေါ်လာပြီး အိမ်တွေထဲ ဖမ်းထားတဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေ ဖြစ်တဲ့ ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ နိုင်ငံသား ၃ ယောက်ကိုလည်း မနေ့ညက ဖမ်းမိထားပြီးပါပြီ" လို့ ပြောပါတယ်။

အခုတော့ သူတို့ကို ဆမ်ထွတ် ရဲစခန်းမှာ ထိမ်းသိမ်းစောင့်ရှောက်ထားပြီး တရားဥပဒေအရ ဆက်လက် အကူအညီပေးဖို့ဆောင်ရွက်နေ ပါတယ်လို့သူက ပြောပါတယ်။ လူမှောင်ခိုတွေက တဆင့်ပြန်ပြီး ရောင်းစားတာ ခံခဲ့ရပြီး အခု ထိုင်းအာဏာပိုင်တွေ ကယ်တင်နိုင်ခဲ့တဲ့ မြန်မာတဦးကို ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org