ကရင်အာဇာနည်နေ့ လွိုင်ကော်မြို့နယ်မှာ ကျင်းပ

ကရင့်အမျိုးသားခေါင်းဆောင် စောဘဦး ကြီး နဲ့ ကရင့်တော် လှန်ရေး ခေါင်းဆောင်တွေ ကို ဂုဏ်ပြုတဲ့ ၆၆ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်း အနားကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် မော်ချီး စုစည်းကျေးရွာ မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

၆၆ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် မော်ချီးစုစည်းကျေးရွာမှာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပစဉ် Photo: Nay Thwae/RFA

ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ ၆၆ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် မော်ချီး စုစည်းကျေးရွာမှာ ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။

ကယားပြည်နယ်က ကရင်လူမျိုးတွေအနေနဲ့ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်တွေကို သိရှိနားလည်ဖို့ အခုလို ကျင်းပရ တာဖြစ်တယ်လို့ ဒီအခမ်းအနားကိုစီစဉ်တဲ့ သောသီခို လူမှုအထောက်အကူပြုအဖွဲ့ ဝင် စောဂျော်နီမင်း က ပြော ပါတယ်။

"ကျနော်တို့ ကယားပြည်နယ်မှာရှိတဲ့ ကရင်လူမျိုးတွေအားလုံးက ကိုယ့်ရဲ့နေ့ထူးနေ့မြတ်တွေ၊ ကိုယ့်ရဲ့ရိုးရာဓလေ့တွေ၊ တန်ဖိုးထားသင့်တဲ့အရာတွေအားလုံးကို သိဖို့၊ နားလည်ဖို့နဲ့ ဆက်လက်ပြီး ကျင်းပနိုင်ဖို့ သူတို့တွေတန်ဖိုးထားတက်ဖို့နဲ့ လေးစားဖို့ ပြီးတော့ အဓိက လူငယ်တွေ ဒါတွေကိုသိရှိ နားလည်ပြီးတော့မှ လက်ဆင့်ကမ်းအမွေနဲ့ ဆက်ပြီးလုပ်ဖို့လည်း အဓိကရည်ရွယ်ချက်ပေါ့နော်"

၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဖာပွန်ခရိုင် ကော့ကရိတ်မြို့နယ်ထဲက ထို့ကော်ကိုးကျေးရွာမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တာဖြစ်ပြီး အဲဒီနေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကရင်အာဇာနည်နေ့ကို ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်မှာ ကျင်းပခွင့်မရခဲ့ဘဲ အခုအစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်တာဖြစ်တယ်လို ့ပွဲစီစဉ်သူတွေက ပြောပါတယ်။

အခမ်းအနားမှာ ကရင်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ကရင်လူမျိုးသမိုင်းကြောင်းနဲ့ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ခေါင်းဆောင်တွေကို ပန်းခွေချအလေးပြုခဲ့ကြပါတယ်။

ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org