ဒီမိုကရေစီအစိုးရ လက်ထက် ပထမဆုံး အာဇာနည်နေ့ ကျင်းပ

ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့သလို နှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဂါရပြုစဉ် Photo: Kyaw Zaw Win/RFA

ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့သလို နှစ်ပေါင်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

မနက်ပိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေနဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ လွှတ်တော် ဥက္ကဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေက အာဇာနည် ဗိမာန်မှာ လွမ်းသူ့ပန်းခွေချပြီး ဂါရဝပြုခဲ့ကြပြီး နေ့လည်ပိုင်း မှာ အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ရာမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ဂါရဝပြုခဲ့ကြ ပါတယ်။

ဒါဟာ အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်တွေကို ပြန်လည်ပြင်ဆင်ခဲ့သလို နတ်မောက်လမ်းက ဗိုလ်ချုပ်ပြတိုက်နဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးကိုလည်း ပြုပြင် မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဆရာတော် အရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ) အပါအဝင် သံဃာ ၁၇ ပါးကို နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။ အဲဒီဆွမ်း ကပ်ပွဲကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌတွေဖြစ်တဲ့ ဦးဝင်းမြင့် နဲ့ ဦးမန်းဝင်းခိုင်သန်း၊ သူရဦးတင်ဦး၊ သူရဦးရွှေမန်း နဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

အလားတူ အာဇာနည်နေ့ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး နေပြည်တော်ကောင်စီရုံးမှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် က သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ နေပြည်တော်က ဆွမ်းကပ်ပွဲကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီး နဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ တို့ တက်ရောက်ခဲ့ပါတယ်။

အများပြည်သူလေ့လာနိုင်အောင် ရန်ကုန်မြို့က ဝန်ကြီးများရုံး နဲ့ ဗိုလ်ချုပ်ပြတိုက်ကို ဒီနေ့ စတင် ဖွင့်လှစ်ထားပြီး လာရောက်လေ့လာသူ ထောင်နဲ့ချီတာကြောင့် တန်းစီစောင့်ဆိုင်းခဲ့ကြရပါတယ်။ ဝန်ကြီးများရုံးနဲ့ ဗိုလ်ချုပ်ပြတိုက် ကို ၃ရက်ကြာ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။

အလားတူ အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲတွေနဲ့ အာဇာနည်ခေါင်းဆောင်တွေ ဂါရဝပြုတဲ့ အခမ်းအနားတွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိဖြစ်တဲ့ နတ်မောက်မြို့အပါအဝင် မြို့နယ်အသီးသီးမှာ လွတ်လပ်စွာကျင်းပခဲ့ကြပါတယ်။

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ နိုင်ငံတော် အဆင့် အခမ်းအနားကျင်းပခဲ့သလို နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။

နှစ်ပေါင်းများစွာလျစ်လျူရှုခံခဲ့ရတဲ့ အာဇာနည်နေ့နဲ့ NLD အစိုးရလက်ထက် ပထမဆုံးကျင်းပတဲ့  အာဇာနည်နေ့ ဘယ်လိုကွာခြားပါသလဲ။ မျိုးဆက်မတူ တဲ့ပြည်သူတွေရဲ့အမြင်နဲ့ ခံစားမှုတွေကို မခက်မာစုစည်းတင်ပြထား ပါတယ်။

၆၉ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူချစ်တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြ ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိ နတ်မောက်မြို့မှာ ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ငယ်စဉ်က နေထိုင်ခဲ့တဲ့ နေအိမ်ပြတိုက် ကို အများပြည်သူကြည့်ရှုနိုင်အောင် ဖွင့်လှစ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုမျိုးသန့်ခိုင် ပေးပို့ထားပြီး မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org