အနိုင်မရ ပါတီ ၇၀ အတွက် ကိုယ်စားလှယ် ၅ ဦး ရွေးရမည်

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီ ၇၀ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၅ ဦးကို ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ပြုမယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော် မတီအဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် ကို တွေ့ရစဉ် .

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီ ၇၀ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၅ ဦးကို ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ပြုမယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတုန်းကတော့ အနိုင်မရတဲ့ပါတီ ၇ဝ ရဲ့ ကိုယ်စား ၅ ယောက်ကို တက်ရောက်ခွင့်ပေးမယ်ဆိုပြီး မှာကြားချက်ရှိတယ်ဗျ"

အဲ့ဒီကိုယ်စားလှယ် ၅ ဦးကို နိုင်ငံရေးပါတီ ၇၀ က ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လိုက်လံ ဖိတ်ကြားနေပြီဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆွေးနွေးပွဲတွေလည်း ကျင်းပတော့မှာဖြစ်တယ်လို့ ဦးခက်ထိန်နန် က ပြောပါတယ်။

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာ ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရရှိတဲ့ ပါတီ ၇၀ ရှိတာဖြစ် ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ အနိုင်ရထားတဲ့ ပါတီ ၂၀က ကိုယ်စားလှယ်တွေကိုသာ ပါဝင်ခွင့်ပြုမှာဖြစ်ပြီး အနိုင်မရတဲ့ ပါတီတွေက အရပ်ဘက် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org