၈၈မျိုးဆက် ခေါင်းဆောင်တွေ နဲ့ ပြင်သစ် ခေါင်းဆောင်တွေ ဆွေးနွေး
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့နှစ်ဦးဟာ မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက် မနေ့က ပြင်သစ်သမ္မတ ဖရန်စွာ အော်လန်ဒ်ရဲ့ အာရှတိုက်ဆိုင်ရာ အကြံပေးအရာရှိနဲ့ တွေ့ဆုံခဲ့ သလို ပြင်သစ်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့လည်း မြန်မာပြည်ဆိုင်ရာ ပြဿနာတွေကို ဆွေးနွေး ခဲ့ပါတယ်။
-
2013-02-20 -
-
-
ပြင်သစ်အစိုးရအရာရှိတွေက မြန်မာပြည်ရဲ့လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ လာမယ့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို မေးမြန်းခဲ့တယ်လု့ိ ကိုပြုံးချိုက RFA ကိုပြောပါတယ်။
အဲဒီတွေ့ဆုံပွဲတွေမှာ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ကလည်း မြန်မာပြည်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အရေးပါမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သူတို့ရဲ့သဘောထားအမြင်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
နော်ဝေနိုင်ငံကနေ ပြင်သစ်ကို မနေ့ကရောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံကို ဆက်လက်သွားရောက်ပြီး နိုင်ငံခြားရေးဌာန အရာရှိတွေနဲ့ မြန်မာအရေး လှုပ်ရှားသူတွေကို တွေ့ဆုံပါလိမ့်မယ်။
ကိုပြုံးချိုနဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |