ကိုမင်းကိုနိုင်နဲ့အဖွဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့

သြစတြေးလျနိုင်ငံကို အလည် အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သြစတြေးလျကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် Photo: 88 Facebook

သြစတြေးလျနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး Julie Bishop နဲ့ မနေ့က တွေ့ဆုံခဲ့ ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ သြစတြေးလျအစိုးရက ပါဝင်ကူညီနိုင်မယ့် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်နဲ့အတူ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ပါဝင်ပြီး မနေ့က မနက်ပိုင်းမှာ မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ သြစတြေးလျ ပါလီမန်အမတ်များအဖွဲ့ (APDB) နဲ့ မြန်မာ့အရေးစကားဝိုင်း ဆွေးနွေးပွဲတစ်ရပ်ပြု လုပ်ခဲ့ပြီး ညနေမှာ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ တွေ့ဆုံခဲ့တယ်လို့ ကိုဂျင်မီက RFA ကို ပြောပါတယ်။

"ကင်ဘာရာမှာ ကျနော်တို့ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တွေ့တယ်၊ နောက်ဝန်ကြီးချုပ်ရုံးက အဆင့်မြင့်အရာရှိတွေရယ်၊ နိုင်ငံရေးဌာနက အဆင့်မြင့်အရာရှိတွေရယ်တွေ့တယ်၊ နောက် ပြီးတော့ ၅ နာရီမှာ နိုင်ငံခြားရေးဝန်ကြီး Julie Bishop နဲ့ တွေ့ပါတယ်"

ဒီကနေ့မှာ ဆစ်ဒနီမြို့မှာ မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ လူ့အခွင့်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ သြစတြေးလျကို အခုဇွန်လ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ ဆစ်ဒနီမြို့မှာရှိတဲ့ သြစတြေးလျရောက် မြန်မာ့အရေးလှုပ်ရှားနေသူတွေ၊ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီနောက် သြစတြေးလျ အနောက်ပိုင်း Perth မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org