တောင်ကိုရီးယားရောက် ၈၈ ခေါင်းဆောင်တချို့ ပြည် ပ မြန်မာအဖွဲ့များနှင့် တွေ့ဆုံ

မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေတွေ ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် ၈၈ မျိုးဆက်ခေါင်းဆောင်များ နဲ့ တောင်ကိုရီးယားက မြန်မာနိုင်ငံသားများ မေလ ၁၈ ရက်နေ့က NLD-LA ကိုရီးယားဌာနခွဲမှာ တွေ့ဆုံကြစဉ် 88 facebook

မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေတွေ ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။

NLD-LA  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ရုံးခန်းမှာ ဆွေးနွေးပွဲကျင်းပတာဖြစ် ပြီး၊ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို NLD-LA   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ပြန်ကြားရေးတာဝန်ခံ ဦးရန်နိုင်ထွန်းက  ပြန်ပြောပြပါတယ်။

"အဓိကကတော့ လက်ရှိအခြေအနေဟာ ယုံကြည်လို့မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတဲ့အကြောင်း၊ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတယ်ဆိုသော်ငြားလည်း တကယ်လက်တွေ့မှာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရရှိဖို့အတွက် လမ်းကြောင်းမဖြစ်သေးဘူး ဆိုတဲ့အကြောင်းပေါ့လေ၊ ယုံကြည်လို့မရသေးဘူး၊ တကယ်လို့ ယုံကြည်တယ်ဆိုလို့ရှိရင် ယုံကြည်တဲ့လူက အမှားပဲဆိုတဲ့အကြောင်းပေ့ါလေ၊ အပြန်အလှန် ဆွေးနွေးသွားတာတွေကို ကျနော်တို့တွေ့ရတယ်၊ ကိုသံခဲကပြောတာပေါ့လေ၊ ခင်ဗျားတို့ ယုံနေကြပြီလား၊ ယုံနေပြီဆိုလို့ရှိရင် ယုံတဲ့လူကအမှားပဲ လိမ်တဲ့လူက အမှားမဟုတ်ဘူး၊ သူကပြောသွားတာ"

မနေ့ကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ အခုအခါမှာ သူတို့နှစ်ဦးစလုံး တောင်ကိုရီးယားကတဆင့် အမေရိကန်ပြည်ထောင်စုကို ခရီးဆက်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org