တောင်သူလယ်သမား ညီလာခံ ၈၈ မျိုးဆက်ရုံးမှာ ကျင်းပ


2013.08.19
farmers-conference-305.JPG ရန်ကုန်မြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ သြဂုတ်လ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ တောင်သူလယ်သမား ညီလာခံကို တွေ့ရစဉ်
photo: RFA/ Thiha Htun

မြန်မာနိုင်ငံတစ်ှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်စုစည်းြီး လွှတ်တော်နဲ့ အစိုးရတာန်ရှိသူတွေထံ တင်ပြနိုင်ဖို့ အတွက် တောင်သူလယ်သမား ညီလာခံကို ရန်ကုန်ြို့ ၈၈ မျိုးဆက် ြငိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

နိုင်ငံအနှံ့က လယ်သမား ၃ဝဝ ကျော် တက်ရောက်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲရဲ့ပထမနေ့မှာ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းခေါင်းဆောင် ကိုမင်းကိုနိုင်က တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေ ပိုင်ဆိုင်ခြင်း အငြင်းပွားမှုနဲ့  အခွင့်ရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဥပဒေကြောင်းအရ ယှဉ်ြပိုင်ဖို့ရှိလာမှာဖြစ်တဲ့အတွက် ဥပဒေတွေနားလည်တဲ့ လယ်သမားတွေရှိဖို့ လိုအပ်လာြီဖြစ်ကြောင်း  တိုက်တွန်းခဲ့ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် အခုဆွေးနွေးပွဲမှာ တောင်သူလယ်သမားသမဂ္ဂပေါ်ပေါက်ရေး၊ လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်တဲ့ပြဿနာတွေနဲ့ လယ်ယာလုပ်ငန်းဆိုင်ရာ အခက်ခဲတွေကိုလည်း မနက်ဖြန်မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။